ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် နိုင်ငံခြားသားခင်ပွန်းအပေါ် မှီခိုသည့် မြန်မာ အမျိုးသမီးများက မြန်မာသံရုံး၊ တဲလ်အဗီးမြို့တွင် ၎င်းတို့၏ ကောင်စစ်ဆိုင်ရာ ကိစ္စရပ် များ ဆောင်ရွက်ခဲ့စဉ် အပြန်လေယာဉ်စရိတ် Deposit အဖြစ် မြန်မာသံရုံးသို့ ငွေကြေး ပေးသွင်းထားသူများအနေဖြင့် ငွေပေးသွင်းခဲ့သည့် နေ့ရက်မှ စတင်၍ (၃)နှစ်ပြည့်မြောက် ပြီးချိန်တွင် မြန်မာသံရုံး၊ တဲလ်အဗီးမြို့၌ အဆိုပါငွေကြေးကို ပြန်လည်ထုတ်ယူနိုင်ပါ ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ယင်းသို့ ထုတ်ယူရန်အတွက် မြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ အောက်ဖော်ပြပါ လိပ်စာအတိုင်း ဆက်သွယ်နိုင်မည်ဖြစ်ကာ ငွေပေးသွင်းခဲ့စဉ် လက်ဝယ်ရှိခဲ့သည့် နိုင်ငံကူး လက်မှတ်(မူရင်း) (သို့မဟုတ်) မိတ္တူနှင့် မြန်မာသံရုံးဘက်မှ ထုတ်ပေးခဲ့သည့် အပြန် လေယာဉ်စရိတ်ငွေ ပေးသွင်းပြီးဖြစ်ကြောင်း ထောက်ခံချက်(မူရင်း)တို့ကို မြန်မာသံရုံးသို့ တင်ပြရန် လိုအပ်ပါကြောင်းလည်း အသိပေးဖော်ပြအပ်ပါသည် –

Embassy of the Republic of the Union of Myanmar
12th Floor, Textile Center Building,
No. 2, Kaufman Street, Tel Aviv 6801294, Israel
Phone: (972) (3) 5170 760, (972) (3) 5163 364
Fax: (972) 5163512
Email: [email protected], [email protected]

မြန်မာသံရုံး၊ တဲလ်အဗီးမြို့။
ရက်စွဲ၊ ၂၉-၈-၂၀၁၈