အစ္စရေးနိုင်ငံနှင့် ဆိုက်ပရပ်စ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ (အထူးသဖြင့် ကာလတို/ကာလရှည်သင်တန်းတက်ရောက်ရန် လာရောက်ကြသည့် ပညာသင် သင်တန်းသား/ သင်တန်းသူများ) အနေဖြင့် မိမိတို့သက်ဆိုင်ရာ နိုင်ငံများသို့ ရောက်ရှိသည့်အချိန်၌ မြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ သတင်းပို့ရန်ပုံစံတွင် ဖြည့်စွက်၍ သတင်းပေးပို့ကြပါရန် အသိပေးကြေညာအပ်ပါ သည်။
သတင်းပို့ရန် Form ကို ဤနေရာ တွင် download ရယူနိုင်ပါကြောင်းနှင့် အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံများသို့ ရောက်ရှိနေထိုင်စဉ်အတွင်း အကူအညီလိုအပ်ပါက မြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ အောက်ဖော်ပြပါအတိုင်း ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်-
Embassy of the Republic of the Union of Myanmar
12th Floor, Textile Center Building,
No. 2, Kaufman Street, Tel Aviv 6801294, Israel
Phone: (972) (3) 5170 760, (972) (3) 5163 364
Fax: (972) 5163512
Email: [email protected], [email protected]
သက်ဆိုင်ရာနိုင်ငံသို့ ရောက်ရှိကြောင်း မြန်မာသံရုံးသို့ သတင်းပို့ရာတွင် အီးမေးလ် (သို့မဟုတ်) ဖက်စ် (သို့မဟုတ်) အမြန်ချောစာပို့စနစ်ဖြင့်လည်းကောင်း ပေးပို့ကြပါရန်နှင့် မြန်မာ သံရုံး၊ တဲလ်အဗီးမြို့၏ Facebook စာမျက်နှာဖြစ်သည့် Myanmar Embassy in Israel ၏ Chatting Box / Messenger မှတစ်ဆင့် ပေးပို့ခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာသံရုံး၊ တဲလ်အဗီးမြို့
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်
